ရန်ကုန် ၂၅ ဇူလိုင်
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ဇူလိုင် ၂၃ ရက်မှ ၂၄ ရက် အထိ Connected For A Better Future ဆောင်ပုဒ်ဖြင့် ကျင်းပသည့် အာဆီယံ-တရုတ် ပြန်ကြားရေးဝန်ကြီးများအဆင့် သတင်းမီဒီယာဖိုရမ် (ASEAN-China High-Level Media Forum) သို့ တက်ရောက်ခဲ့ပြီး ယနေ့ညနေ ၃ နာရီ ၁၅ မိနစ်တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့်အဖွဲ့အား ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
သတင်းစဉ်


