နေပြည်တော် ၂၆ ဇူလိုင်
သတင်းအချက်အလက်ရပိုင်ခွင့် ဥပဒေ(မူကြမ်း)နှင့် ပတ်သက်၍ မဏ္ဍိုင်(၃)ရပ် အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသို့ မဏ္ဍိုင်(၃)ရပ်မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေး ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
MDN


