ဆော ၂၆ ဇူလိုင်
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ဓါတ်သတ္တု (အုတ်/သဲ/ကျောက်) လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲကို ယမန်နေ့က ဂန့်ဂေါခရိုင် ဆောမြို့၊ ယောမင်းကြီးဦးဘိုးလှိုင်ခန်းမ၌ ပြုလုပ်ရာ ခရိုင်အုပ်ချုပ်ရေးမှူးက အမှာစကား ပြောကြားသည်။
ဆက်လက်၍ လက်ထောက်ညွှန်ကြားရေးမှူး ဦးဖြိုးအောင်ထွန်း က ဓာတ်သတ္တုလုပ်ငန်းလိုင်စင် လျှောက်ထား ဆောင်ရွက်ခြင်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းကာ တက်ရောက်လာကြသူများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြား ဆွေးနွေးသည်။
ဆွေးနွေးပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြဝင်း၊ နှင့် ဓာတ်သတ္တုလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူးသည် ဆောမြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) လုပ်ငန်းဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးသွားကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။
MDN


