နွားထိုးကြီး ၂၆ ဇူလိုင်
နွားထိုးကြီးမြို့နယ်တွင်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျေးလက်နေပြည်သူများတွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ဇူလိုင် ၂၅ ရက်၊ မွန်းလွဲ ၂ နာရီက ဘုရားကြီးကျေးရွာ မဟာဓမ္မပါလ ဗိမာန်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦး က တိုင်းဒေသကြီးအစိုးရအနေဖြင့် ဆောင်ရွက်ပေးနေသော ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်အင်းဦးစီးဌာန ဦးစီးအရာရှိ ဦးခင်မောင်စိုး၊ သစ်တောဦးစီးဌာန ဦးစီးမှူး ဦးကျော်မင်းလွင်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးမောင်ဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုအုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးတို့က ၄င်းတို့ ဌာနများနှင့်စပ်လျဉ်းသည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်သူ့စကားဝိုင်းသို့ တက်ရောက်လာသည့် ပြည်သူများက ၄င်းတို့ကျေးရွာအတွက် လိုအပချက်များကိုတင်ပြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ဖြည့်ဆည်းပေးနိုင်သည့် လုပ်ငန်းများကို အမြန်ဆုံးပြန်လည် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သန်းအောင်ဇော်


