ကလိန်အောင် ၂၆ ဇူလိုင်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ကျောက်ရှပ်ကျေးရွာ၌ ကျေးရွာနေပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီက ကျောက်ရှပ်ကျေးရွာ ရတနာမာန်အောင် ဘုန်းကြီးကျောင်း၌ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်ကလိန်အောင် တပ်နယ်မှူး ထက်လင်းအောင်ဦးစီးသော နယ်လှည့် ဆေးကုသရေးအဖွဲ့ တ.ဆ.ရ(၁၃/၂၅) ခုတင်ဆံ့မှ မေ့ဆေးပါရဂူ ဗိုလ်ကြီး ရန်လင်းအောင်၊ ခွဲစိတ်ပါရဂူ ဗိုလ်ကြီး ဟိန်းစိုးနှင့် ကလိန်အောင်မြို့ တပ်နယ်မှ သူနာပြု၊ ဆရာ၊ ဆရာမများအဖွဲ့ စုစုပေါင်း (၂၀)ဦးခန့်တို့သည် ကျေးရွာပြည်သူ (၄၆)ဦးတို့အား သွေးပေါင်ချိန်ခြင်း၊ E.C.G ဖြင့် နှလုံးစမ်းသပ်ပေးခြင်း၊ အရိုး/အကြောနှင့် သွေးတိုး၊ ဆီးချိုရောဂါများ စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
သန္တာမိုး
