နေပြည်တော် ၂၆ ဇူလိုင်
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ ၁၂ လ ရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်၊ ဝါခေါင်လအတွက် စာရေးတန်မဲပွဲနှင့် ခတ္တာပန်း ၂၀ဝ/ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်း သစ်(၁)မျိုးအား ၂၀၁၉ ခုနှစ် သြဂုတ်(၁)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်၊ ဝါခေါင်လဆန်း (၁)ရက် (ကြာသပတေး)နေ့၊ နံနက် ၉ နာရီခွဲမှစတင်၍ တိုင်းဒေသကြီး/ ပြည်နယ်များရှိ လုပ်ငန်းပြည့်စာတိုက်အသီးသီးတွင် ရောင်းချပေးသွားမည် ဖြစ်သည်။
အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန် စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌ သြဂုတ်(၁)ရက်၌ ဝယ်ယူသော စာပို့ တံဆိပ်ခေါင်းများနှင့် ပထမနေ့စာအိတ် (Firstday Cover) များပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ်ပေးမည်ဖြစ်သည်။
(သတင်းစဉ်)


