ဓနုဖြူ  ၂၆  ဇူလိုင် 

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအနေဖြင့် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေသည့်အနေဖြင့် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြုစုနိုင်ရေးအတွက် ဇူလိုင် ၂၂ ရက်မှစ၍ ဓနုဖြူမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများ၌ လူဦးရေစာရင်း အချက်အလက်များအား အိမ်တိုင်ရာရောက်  စတင်ကောက်ယူပြုစုနေပြီဖြစ်ကြောင်း သိရသည်။


သို့ဖြစ်ပါ၍ ဓနုဖြူမြို့နယ်နေပြည်သူများအနေဖြင့် စာရင်းကောက်အဖွဲ့များအား အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ စသည့် ရပ်ရွာအတွင်းနေထိုင်ကြောင်း အထောက်အထားများနှင့် အခြားသိရှိလိုသည့် အချက်များအား ဖြေကြားခြင်းဖြင့်  ကူညီဆောင်ရွက်ပေးနိုင်ပါရန် ဓနုဖြူမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အသိပေးနှိုးဆော်ထားကြောင်း သိရသည်။


အောင်သူဟိဏ်း(ဓနုဖြူ)