ပြင်ဦးလွင် ၂၆   ဇူလိုင်   
    

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဝါနှင့် လျှော်မျှင်ထွက် သီးနှံဌာနခွဲမှ ခေတ်မီမိုးချည်စက်သစ်များ ဖွင့်ပွဲကို ယနေ့နံနက် ( ၉ ) နာရီက ပြင်ဦးလွင်မြို့နယ် ၊ ပိုးချည်စက်ရုံ ၊  ပိုးစာသုတေသနခြံ ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဒုတိယဝန်ကြီး ၊ တိုင်းဒေသကြီးဆည်မြောင်းဝန်ကြီး ၊ လွှတ်တော်ကိုယ်စားလှယ် ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံတောင်သူများ တက်ရောက်ကြသည်။ 
    

ရှေးဦးစွာ စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ပြည်ထေင်စု ဒုတိယဝန်ကြီး ဦးလှကျော်က အဖွင့်အမှာစကားပြောကြားခြင်း ၊ မန္တလေးတိုင်းဒေသကြီး ၊ စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ၊ ဒေါက်တာစိုးသန်းက   ရှင်းလင်းပြောကြားခြင်း ၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က စိုက်ပျိုးရေးဦးစီးဌာနမှ ပိုးချည်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ( Skill  Industry Development  ) နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းနှင့် မြန်မာနိုင်ငံ၏ ပိုးမွေးမြူရေးလုပ်ငန်းဆိုင်ရာ Videi  click  ပြသခဲ့သည်။ 
    

ဆက်လက်ပြီး စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ စိုက်ပျိုးရေးဦးစီးဌာန ၊ဝါနှင့် လျှော်မျှင်ထွက်သီးနှံဌာနခွဲမှ ခေတ်မီမိုးချည်စက်သစ်များ ဖွင့်ပွဲကို စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊  ပြည်ထောင်စု ဒုတိယဝန်ကြီး  ဦးလှကျော် နှင့် မန္တလေးတိုင်းဒေသကြီး ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ 
    

ထို့နောက်  အခမ်းအနားသို့ တက်ရောက်လာသည့် တာဝန်ရှိသူများနှင့် ဝါသနာရှင်များက ပိုးမွေးမြူရေးခန်း ၊ ပိုးအိမ်ရွေးခန်း ၊ ပိုးချည်ရစ်ခန်း ၊ ပိုးချည်ထုပ်ပိုးခန်း ၊  ပိုးချည်ငင်ခန်း ၊ ပိုးထွက်ပစ္စည်းပြခန်း စသည့်တို့ကို လှည့်လည် လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။ 

ဇော်မျိုးထိုက် ( ပြင်ဦးလွင် )