နေပြည်တော်  ၂၆   ဇူလိုင်


နေပြည်တော်ကောင်စီနှင့် ဌာနဆိုင်ရာ မိသားစုများ၏ နဝမအကြိမ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် ပျဉ်းမနားမြို့နယ် အရှေ့ခြမ်းတောင်ပေါ်ဒေသတွင် သီတင်းသုံးလျက်ရှိသော သံဃာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိ ခန်းမ၌ကျင်းပရာ နေပြည်တော်၊ လယ်ဝေးမြို့နယ် ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယကဆရာတော်  အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒ အမှူးပြုသော ဆရာတော်သံဃာတော်များ  ကြွရောက်ချီးမြှင့်တော်မူ ကြသည်။ 


အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် နှင့် ဇနီး ဒေါ်ခင်စောမူ၊ နေပြည်တော်ကောင်စီဝင်များ နှင့်ဇနီးများ၊ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနကြီးမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ကြည်ညိုကြသည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့်ဇနီး ဒေါ်ခင်စောမူ တို့က ခန်းမအတွင်းရှိ  ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုပြီး ဆွမ်း၊  သစ်သီး၊  ပန်း၊ ရေချမ်းနှင့် ဆီမီးတို့ကို ဆက်ကပ်လှူဒါန်းသည်။


ထို့နောက် နေပြည်တော်၊ လယ်ဝေးမြို့နယ် ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယကဆရာတော်  အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒ ထံမှ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်ဇနီး အမှူးပြုသော ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော် အရှင်သူမြတ်များက ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။

 

1


    

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိူးအောင်နှင့်ဇနီး ဒေါ်ခင်စောမူတို့က နေပြည်တော်၊ လယ်ဝေးမြို့နယ် ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယကဆရာတော်  အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒ ထံ ဝါဆိုသင်္ကန်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ပျဉ်းမနားမြို့နယ် အရှေ့ခြမ်းတောင်ပေါ်ဒေသတွင် သီတင်းသုံးလျက်ရှိသော ကျောင်းတိုက်(၃၇)တိုက်မှ သံဃာတော်များအတွက် နေပြည်တော် စည်ပင်သာယာရေးကော်မတီမှလှူဒါန်းသည့် ဝါဆိုသင်္ကန်းနှင့် ဆန်၊ ဆီ၊ ဆေး၊ ဆား အစရှိသည့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။ 


ဆက်လက်၍ နေပြည်တော်ကောင်စီဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဒုတိယမြို့တော်ဝန်၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဧည့်သည်တော်များက  ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။


ယင်းနောက် နေပြည်တော်၊ လယ်ဝေးမြို့နယ် ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယကဆရာတော်  အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒ ထံမှ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်ဇနီး အမှူးပြုသော ဧည့်ပရိသတ်များက သာဓုအနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။    


အခမ်းအနားအပြီးတွင် ဆရာတော် သံဃာတော်များအား နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်ဇနီး နှင့်တာဝန်ရှိသူများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။


ထွန်းထွန်းဝင်း

 

2