ရွာသစ် ၂၆ ဇူလိုင်
ကယားပြည်နယ်၊ ရွာသစ်မြို့ရှိမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာတို့တွင် အသက်(၈၅)နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ဘိုးဘွားများထံ အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပေးအပ်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးလူဇော်သန့်နှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ မြောက်ပိုင်းရပ်ကွက်(၅)ဦး၊ ဝမ်လွဲ့ကျးရွာ(၁)ဦး၊ လွယ်ဝိုင်းကျေးရွာ(၁)ဦး စုစုပေါင်း (၇)ဦးအား ဧပြီ၊ မေ၊ ဇွန်(၃)လစာအတွက် တစ်ဦးလျှင် ၃ သောင်းကျပ် စုစုပေါင်း (၇) ဦးစာအတွက် (၂၁၀ဝ၀ဝ) နှစ်သိန်းတစ်သောင်းကျပ်တိတိအား အိမ်တိုင်ရာရောက် လူမှုရေးပင်စင်ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။
နန်းဆွေဆွေအေး( ပြန်/ဆက်)


