သံတောင်ကြီး ၂၆ ဇူလိုင်
ကရင်ပြည်နယ် သံတောင်ကြီးမြို့တွင် ယမန်နေ့ညတစ်ညလုံး မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် သံတောင်ကြီးမြို့ အမှတ်(၃)ရပ်ကွက် လိပ်သိုလမ်း ဘယ်ဘက်ခြမ်း ဦးစောရွှေလက်၏ နေအိမ်အနောက်ဘက်ခြမ်း အလျား ၁၅ ပေ၊ အနံ ၁၀ ပေ၊ အမြင့်ရှစ်ပေ မြေသားနံရံ ပြိုကျခဲ့သည်။
နေအိမ်အနောက်ဘက် အုတ်နံရံမှာလည်း ၁၀ ပေ ပတ်လည်ခန့်ပြိုကျပြီး ဝဲဘက်နံရံ ၁၀ ပေပတ်လည် အုတ်နံရံအတွင်းဘက်သို့ ချိုင့်ဝင် ခဲ့ကာ နေအိမ်အနောက်ဘက်တွင် အဖီအဖြစ်မိုးထားသော သွပ်ပြားများ ပျက်စီးသွားသည်။
အဆိုပါမြေပြိုသည့်နေရာသို့ ယနေ့ နံနက် ၈ နာရီအချိန်က မြန်မာနိုင်ငံရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ဝင်းစိန်နှင့် ရဲတပ်ဖွဲ့ဝင်များ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးနေလင်းအောင် မီးသတ်တပ်ဖွဲ့ဝင်များ ရပ်ကွက်အုပ်ချုပ်ရေးမှူးများသွားရောက်ကာ ပြိုကျနေသောမြေများကို ကူညီဖယ်ရှားပေးခဲ့ကြကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။
MDN


