ရေနံချောင်း ၂၆ ဇူလိုင်
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ယနေ့အထိ အခြေခံပညာ စာသင်ကျောင်း ၈ ကျောင်းကို ယာယီပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရေနံချောင်းမြို့နယ်တွင် ဇူလိုင် ၂၅ ရက်က မာန်မြေကျေးရွာ အုပ်စု မာန်မြေကျေးရွာ အလယ်တန်းကျောင်း၊ မာန်မြေကျေးရွာ(မြောက်စု) မူလွန်ကျောင်း၊ မာန်မြေကျေးရွာ (အရှေ့စု) မူလတန်းကျောင်း၊ ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စု ကျမ်းကိုင်ကျွန်းကျေးရွာ အလယ်တန်းကျောင်း၊ ကံသာကျေးရွာ အလယ်တန်းကျောင်း၊ ရှားတောရွှေပေါ် မူလတန်းကျောင်း၊ ဝက်လွတ်ကျေးရွာအုပ်စု လမ်းကူးကျေးရွာ မူလတန်းကျောင်းနှင့် ဇူလိုင် ၂၆ ရက်တွင် ဘူးကျွန်းကျေးရွာအုပ်စု ဘူးကျွန်းကျေးရွာ မူလတန်းကျောင်း စုစုပေါင်း အခြေခံပညာကျောင်း ၈ ကျောင်းကို ယာယီပိတ်ထားရကြောင်း သိရသည်။
အဆိုပါကျောင်းများတွင် ဧရာဝတီမြစ်ရေ ၃ ပေခန့်ဝင်ရောက်ခဲ့မှုကြောင့် ယာယီပိတ်ထားခြင်းဖြစ်ပြီး မြစ်ရေကျဆင်းမှုအပေါ်မူတည်၍ ကျောင်းသား ကျောင်းသူများ သင်ခန်းစာ နောက်မကျစေရန် အဖိတ်နေ့များတွင် အစားထိုး ပြန်လည် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုစိုးကြီး


