သထုံ ၂၆ ဇူလိုင် 

 

မွန်ပြည်နယ်၊ သထုံမြို့၊ ငါးလုပ်ငန်းစခန်း သင်တန်းကျောင်း (သထုံ)၌ အခြေခံငါးမွေးမြူရေးနှင့် ငါးဆေးထိုးသားဖောက်သင်တန်း အမှတ်စဉ် (၈/၂၀၁၉) သင်တန်းဆင်းပွဲကို ယနေ့ညနေပိုင်းက ကျင်းပခဲ့သည်။


သင်တန်းဆင်းပွဲတွင် မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ဒုပြည်နယ်မှူးက ပြည်နယ်အတွင်း စားနပ်ရိက္ခာ ဖူလုံစေရေးနှင့် ငါးသယံဇာတ ပေါများစွာ မွေးမြူလာစေနိုင်ရေးအတွက်ရေး၊ သံဖြူဇရပ်မြို့နယ်များတွင် စီမံကိန်းကြီး ၃ နေရာကို ရွေးချယ်ထားတာရှိကြောင်း၊ မွန်ပြည်နယ်တွင် ငါးမွေးမြူရေးရိယာ ဧက ၃၅၀ဝ ခန့် ပေါ်ထွက်လာတော့မည်ဖြစ်ကြောင်း၊ ပြည်တွင်းရင်းနီးမြှုပ်နှံမူများ ပေါ်ပေါက်လာပါက ငါးမွေးဧရိယာများ ထပ်မံတိုးချဲ့ဆောင်ရွက်သွားရန် ရှိသဖြင့် လက်ရှိငါးမွေးဧရိယာ တစ်ထောင်ကျော်မှ သုံးထောင်ငါးရာခန့်အထိ ရှိလာတော့မည်ဖြစ်ကြောင်းနှင့် ငါးလုပ်ငန်းနှင့် ပတ်သက်၍ အခြေခံဆောင်ရွက်ရမည့်လုပ်ငန်းများအား သက်ဆိုင်ရာဌာနမှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

1


“အရင်ကတော့မသိဘူး။ စာတွေ့ပဲသင်ကြားရတယ်။ အခုလို စာတွေ့/ လက်တွေ့ပါ ငါးဆေးထိုး သားဖောက် ရတဲ့အတွက် သင်တန်းတက်ရတာ ပိုပြီးအတွေ့အကြုံရပါတယ်” ဟု မော်လမြိုင် တက္ကသိုလ် မှ သတ္တဗေဒ နောက်ဆုံးနှစ်ကျောင်းသူ မဇင်ရတနာဝင်းက ပြောသည်။ 


“ငါးမွေးမြူရေးအတွက် လိုအပ်ချက်တွေ၊ ထိန်းသိမ်းရမယ့်အရာတွေ၊ ငါးမျိုးပွားခြင်းအတွက် ငါးဆေး ထိုး သားဖောက်ပုံတွေနဲ့  ကျွန်တော်တို့အတွက် ငါးမွေးမြူရာမှာ များစွာ အထောက်အကူပြုပါတယ်” ဟု သံဖြူဇရပ်မြို့နယ်မှ သင်တန်းတက်ရောက်သူ ဦးနေဝင်းအောင်က ပြောသည်။ 

  
သင်တန်းဆင်းပွဲတွင် ဒုပြည်နယ်မှူးက သင်တန်းသားများအား သင်တန်းဆင်းလတ်မှတ်များကို ပေးအပ်ပြီး သင်တန်းသားတစ်ဦးက ကျေးဇှူးတင်စကား ပြန်လည်ပြောကြားသည်။ သင်တန်းသို့ မော်လမြိုင်တက္ကသိုလ်မှ သတ္တဗေဒ၊ အဏ္ဏဝါဗေဒ နောက်ဆုံးနှစ် ကျောင်းသားကျောင်းသူ ၂၀  နှင့် ကျေးလက်ဦးစီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ငါးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း ၃၈ ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည် ။

     
ခွန်(ဝင်းပ) 

 

1