တမူး ၂၇ ဇူလိုင်
တမူးမြို့နယ် ကွန်းတောင်းကျေးရွာအုပ်စု ဝက်ရှုကျေးရွာရှိ အုတ်ဖိုကန်ဘောင် အကျဉ်းစခန်းတွင် ဇူလိုင် ၂၆ ရက်နေ့က တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချိုချိုမာ၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးအောင်နှင့် ဝန်ထမ်းများမှ အုတ်ဖိုကန်ဘောင်စခန်း၊ မြို့သစ်စခန်း၊ ဗန္ဓုလစခန်း၊ သနန်အကျဉ်းဦးစီးစခန်းများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး၊ ဓာတ်မြေဩဇာ စနစ်တကျ အကျိုးရှိရှိသုံးစွဲရေး၊ မြေဆီလွှာဓာတ်ခွဲစစ်ဆေးရေးအတွက် ပညာပေးဆွေးနွေးခြင်း၊ မြေဆီလွှာဓာတ်ခွဲစစ်ဆေးခြင်းတို့ကို လက်တွေ့သရုပ်ပြသကြပြီး တွေ့ရှိချက်များအပေါ်မူတည်၍ ထည့်သွင်းရမည့် ဓာတ်မြေဩဇာနှုန်းထားများ တွက်ချက်ပေးခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ကျော်သူရ(ပြန်/ဆက်)


