ဆဒုံး ၂၇ ဇူလိုင်
ကချင်ပြည်နယ် ဆဒုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တည် ကားလမ်း မိုင်တိုင်မှတ် ၃၀/၃၁ ကြားနှင့် ၃၆/၃၇ ကြား ယနေ့ နံနက် ၅ နာရီချိန်ခန့်တွင် တောင်ပြို၍ ကားလမ်းပိတ်ဆို့သွားသဖြင့် ဘူဒိုဇာယာဉ်ဖြင့် လမ်းရှင်းလင်းနေပြီး မိုင်တိုင်အမှတ် ၃၀/၃၁ ကြား တောင်ပြိုသည့်နေရာတွင် ကုန်တင်ယာဉ်ပိတ်မိနေပြီး ကုန်တင်ယာဉ်နှင့် ခရီးသွားယာဉ်များက လမ်းပိတ်ဆို့နေသည့်နေရာတွင် ရပ်တန့်စောင့်ဆိုင်းနေကြောင်း သိရသည်။
ကျော်နိုင်ဌေး ( ပြန်/ဆက်)


