ကျောင်းကုန်း ၂၇ ဇူလိုင်
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ လမ်းဆောက်လုပ်ရေးစီမံကိန်းအထူးအဖွဲ့(၂၁)မှ ကျောင်းကုန်း-သုံးခွလမ်း၊ လမ်းပေါက်ဖာခြင်းနှင့်မြေသားဘောင်ဖို့ခြင်း လုပ်ငန်းအား ယနေ့နံနက် ၁၁ နာရီခွဲ အချိန် လွှတ်တော်ကိုယ်စားလှယ်များ နှင့်မြို့နယ်မှ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
ကျောင်းကုန်း-သုံးခွလမ်း ၆/၅ မှ ၇/ဝ အတွင်း ကားလမ်းမဘေး နှစ်ပေခန့်အကွာ မြေပြိုကျမှုကြောင့် လမ်းပေါက်ဖာခြင်းနှင့် မြေသားဘောင်ဖို့ခြင်းလုပ်ငန်းကို ဆောင်ရွက်လျှက်ရှိရာ ယခုမိုးရာသီကုန်ပါက မြေသားဖို့ခြင်းလုပ်ငန်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးစီးအရာရှိ(မြို့ပြ) ဒေါ်နှင်းနန္ဒာခိုင်ကပြောသည်။
အဆိုပါအဖွဲ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း၊ မဲဆန္ဒနယ်အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထိန်ဝင်း၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်း၊ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး အေးကျော်၊ မြို့နယ်ကျေးလက်ဦးစီးမှူး ဦးခင်ဇော် နှင့်မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးခင်အောင်ဆွေတို့ လိုက်ပါခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


