နေပြည်တော် ၂၇ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက မှုခင်းကျဆင်းရေး ပညာပေးဟောပြောပွဲကို ဇူလိုင် ၂၆ ရက်တွင် အောက်ဆိပ်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ဆိပ်ဖြူမြို့မရဲစခန်းမှူး ဒုရဲမှူးမျိုးဝင်း ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များက မူးယစ်ဆေးဝါး၏ ဆိုးကျိုးနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ လူမှောင်ခို၊ လူကုန်ကူးမှုများနှင့်ပတ်သက်သည့် သိသင့်သိထိုက်သည့်အချက်များ၊ သက်ငယ်မုဒိမ်းမှု မဖြစ်ပွားစေရေးအတွက် သိသင့်သိထိုက်သည့်အချက်များ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ လိုက်နာရမည့်အချက်များအား ပညာပေး ဟောပြောခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ စုစုပေါင်း (၅၀၇)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
အလားတူ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့မရဲစခန်းမှူး ဒုရဲမှူးရဲရန်အောင် ဦးစီးသော တပ်ဖွဲ့ဝင်များက ဇူလိုင် ၂၆ ရက်တွင် မြင်းခြံမြို့နယ်၊ (၁၈)ရပ်ကွက်ရှိ သီရိလင်္ကာဘုန်းတော် ကြီးသင်ကျောင်းဓမ္မာရုံ၌ ကျောင်းသား/ကျောင်းသူများအား မူးယစ်ဆေးဝါး၏ဆိုးကျိုးနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ လူမှောင်ခို၊ လူကုန်ကူးမှုများနှင့် ပတ်သက်သည့် သိသင့်သိထိုက်သည့် အချက်များ၊ သက်ငယ်မုဒိမ်းမှု မဖြစ်ပွားစေရေးအတွက် သိသင့်သိထိုက်သည့်အချက်များ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ လိုက်နာရမည့်အချက်များအား ပညာပေးဟောပြောခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
MDN


