နေပြည်တော် ၂၇ ဇူလိုင် 


ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ကျွန်းတောရပ်ကွက်နှင့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဘိုးရာဇာရပ်ကွက်ပါ ရပ်ကွက်/ကျေးရွာ ၂ ခုတို့တွင် ဇူလိုင် ၂၆ ရက်က နန့်ရင်းချောင်းရေနှင့် ဘီးလင်းမြစ်ရေမြင့်တက်မှုကြောင့် အိမ်ထောင်စု ၂ စု၊ လူဦးရေ ၇ ဦးတို့သည် ဘိုးရာဇာရပ်ကွက်ရှိ အောင်သိဒ္ဓိဘုန်းကြီးကျောင်း ရေဘေးကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိပြီး စာသင်ကျောင်း ၂ ကျောင်း ခေတ္တပိတ်ထားရကြောင်း၊ ထို့အပြင် ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ မကျီးကုန်းကျေးရွာပါ ၄ ရွာ၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ နန်းတော်ကျွန်းကျေးရွာပါ ၆ ရွာ၊ စလင်းမြို့နယ်၊ ဥယျာဉ်စုကျေးရွာပါ ၁၉ ရွာနှင့် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကြည်ရွာကျေးရွာတို့တွင် ဧရာဝတီမြစ်ရေမြင့် တက်မှုကြောင့် စာသင်ကျောင်း ၂၄ ကျောင်း ခေတ္တပိတ်ထားရပြီး နွား ၅၄၃ ကောင်အား ရေလွတ်ရာသို့ ပြောင်းရွှေ့ထားရှိရကြောင်း၊

 

1

အလားတူ ဇူလိုင် ၂၆ ရက်တွင် သံတောင်ကြီးမြို့၊ (၃)ရပ်ကွက်နှင့် ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်တို့တွင် မိုးရွာသွန်းပြီး တောင်နံရံမြေသားများပြိုကျမှုကြောင့် နေအိမ် ၁ လုံး အမိုး/အကာပျက်စီး၊ ကြက်ခြံ ၁ ခြံ ပျက်စီးဆုံးရှုံးခဲ့ပြီး တန်ဖိုးကျပ် ၄၀ သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ထို့အပြင် ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ မကျီးကုန်းကျေးရွာပါ ၄ ရွာ၊ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် ဂူတာရပ်ကွက်၊ ဂွမြို့နယ်၊ ရမ္မာကျွန်းကျေးရွာ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ရွှေလှေကျေးရွာ၊ အင်္ဂပူမြို့နယ်၊ ဇီးပင်ကွင်းအရှေ့ကျေးရွာပါ ၂ ရွာနှင့် မအူပင်မြို့နယ်၊ အင်းမကျေးရွာပါ ၄ ရွာတို့တွင် လေပြင်းတိုက်ခတ်ပြီး သစ်ပင်လဲကျပိမိမှုကြောင့် နေအိမ် ၁၉ လုံး ပြိုကျ၊ နေအိမ် ၉ လုံး အမိုးလန်၊ စာသင်ကျောင်း ၁ ကျောင်း အဝင်တံခါး ပျက်စီး၊ လယ်ယာသုံးထွန်စက် ၁ စီး ပျက်စီးသဖြင့် စုစုပေါင်းတန်ဖိုးကျပ် ၅၇.၉၅ သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး လေပြင်းတိုက်ခိုက်မှုကြောင့် လျှပ်စစ်မီးကြိုးများလျော့ကျခဲ့၍ လျှပ်စစ်မီးပြတ်တောက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။


MDN

 

1