စစ်တွေ ၂၇ ဇူလိုင် 
    

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ၊ ရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာနှင့်ဆီ၊ ဆား၊ ပဲ၊ မိုးကာလိပ် စသည့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ရန်အတွက် စုစုပေါင်းငွေကျပ် (၂၃၆၆ဒသမ၈၄) သိန်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့က ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လူမှုရေးဝန်ကြီးနှင့် ပြည်နယ်အတွင်းရေးမှူးတို့ထံ ယနေ့နံနက်ပိုင်းတွင် လွှဲပြောင်းပေးအပ်သည်။
    

မွန်းလွဲပိုင်းတွင် အဆိုပါထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ပလက်ဝမြို့တွင် ရောက်ရှိနေသော ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးထက်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ပလက်ဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကီမိုခန်းမ၌ ပြည်သူများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
    

ယနေ့ ထောက်ပံ့ငွေများမှာလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ငွေကျပ် (၈၄၆ဒသမ၆၁) သိန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနက ငွေကျပ် (၈၃၉ ဒသမ ၂) သိန်း၊ ချင်းပြည်နယ်အစိုးရအဖွဲ့က ငွေကျပ်သိန်း(၃၀ဝ)၊ ချင်းပြည်နယ်အတွင်းရှိ စေတနာရှင်ပြည်သူများနှင့် အဖွဲ့အစည်းများက ငွေကျပ် (၃၈၁ဒသမဝ၄) သိန်းတို့ ဖြစ်ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်