ရန်ကုန်    ၂၈  ဇူလိုင်

 

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် သတင်းစာဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး သတင်းစာဆရာအသင်း ဂုဏ်ထူးဆောင်နာယက စာရေးဆရာ သတင်းစာဆရာ ဒါရိုက်တာ မောင်ယဉ်ကျော်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်အောင်၊ ရန်ကုန်တိုင်းဒေသကြီး သတင်းစာဆရာအသင်း ဥက္ကဋ္ဌ ဦးခင်မောင်မြင့်တို့မှ အဖွင့်အမှာစကား အသီးသီး ပြောကြားခဲ့ကြသည်။

 

ထို့နောက် တာမွေမြို့နယ် သတင်းစာဆရာအသင်း၏ နှစ်ပတ်လည် အစီရင်ခံစာအား မြို့နယ် သတင်းစာ ဆရာအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်မျိုးသန်းမှ ဖတ်ကြားခဲ့ပြီး တာမွေမြို့နယ် သတင်းစာဆရာအသင်းမှ ရန်ကုန်တိုင်းဒေသကြီး သတင်းစာဆရာအသင်းသို့ အလှူငွေကျပ် တစ်သိန်း ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီး သတင်းစာဆရာအသင်း ဥက္ကဋ္ဌ ဦးခင်မောင်မြင့်မှ လက်ခံရယူခဲ့သည်။

 

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး သတင်းစာဆရာအသင်း ဂုဏ်ထူးဆောင် နာယက စာရေးဆရာ သတင်းစာဆရာ ဒါရိုက်တာ မောင်ယဉ်ကျော်၊ တိုင်းဒေသကြီး သတင်းစာဆရာအသင်း ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် အသင်းဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

 


နိုင်လင်းအောင်(တာမွေ)