တောင်ငူ   ၂၈  ဇူလိုင်

 

အလင်းရောင် စာကြည့်တိုက် ဖွင့်လှစ်ခြင်းကို ယနေ့ နံနက်ပိုင်းက တောင်ငူမြို့ အမှတ်(၉)ရပ်ကွက်ရှိ သင်္ဘောဦး အလယ်ကျွန်းကျောင်းတိုက်၊ အမှတ်(၆) ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


 
အခမ်းအနားတွင် အခမ်းအနားအား သင်္ဘောဦး အလယ်ကျွန်း ကျောင်းတိုက်ဆရာတော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဦးစီးအရာရှိ ဒေါ်စမ်းစမ်းအေးနှင့် ဒေသခံ ရပ်မိရပ်ဖတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

 

အဆိုပါ စာကြည့်တိုက်ကို ရန်ကုန်မြို့နေ ဦးအေးဝင်းနှင့် ဒေါ်သန်းသန်းအေး မိသားစုမှ ငွေကျပ်ဆယ်သိန်းနှင့် သုတ၊ ရသ စာအုပ်များ မတည်လှူဒါန်းပြီး စေတနာရှင် အလှူရှင်များကလည်း စာကြည့်တိုက် ဖြစ်မြောက်ရေးအတွက် ထည့်ဝင်လှူဒါန်းမှုများဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

(ခရိုင် ပြန်/ဆက်)