လွိုင်ကော်  ၂၈  ဇူလိုင် 

၂၀၂၀ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကို ဇူလိုင် ၂၇ ရက် ည ၇ နာရီက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

2

 

အခမ်းအနားတွင် ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးက “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” ကျင်းပရခြင်းသည် ပြည်ထောင်စုအတွင်း နေထိုင်ကြသော တိုင်းရင်းသားလူမျိုးများကို ပိုမိုချစ်ကြည် ရင်းနှီးအောင်နှင့် စာပေနှင့် ယဉ်ကျေးမှုများ ဖွံ့ဖြိုးတိုးတက်စွာ ဆောင်ရွက်နိုင်ရန် အခွင့်အလမ်းများစွာ ရရှိနိုင်ကြောင်း၊ တိုင်းရင်းသား နယ်မြေဒေသ အသီးသီးရှိ စီးပွားရေး လုပ်ငန်းရှင်များ၏ လွတ်လပ်စွာ လုပ်ကိုင်နိုင်ရေး အဓိက ရည်မှန်းချက်မှာ ငြိမ်းချမ်းရေးဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးရရှိပါမှ ပြည်ပရင်းနှီးမြှုပ်နှံမှုများ လာရောက်လုပ်ကိုင်နိုင်မည် ဖြစ်ကြောင်း၊ ပြည်နယ်အတွင်းရှိ လုပ်ငန်းရှင်များ အနေဖြင့်လည်း စီးပွားရေးဖွံ့ဖြိုးမှု လုပ်ငန်းများ ဆောင်ရွက်ကြရာတွင် ပြည်နယ်အတွင်း မူးယစ်ကင်းစင်ပြီး အေးချမ်းသာယာသော ပြည်နယ်ဖြစ်အောင် ကူညီဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။

 

13

 

ထို့နောက် တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးထွန်းကျော်က အသင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခြင်း၊ ၂၀၁၉ ခုနှစ် ရန်ကုန်မြို့တွင် ကျင်းပခဲ့သော “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” မှတ်တမ်းရုပ်ရှင် ပြသခြင်း၊ Media Spike မှ ၂၀၂၀ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” ကြိုတင် ပြင်ဆင်ခြင်းကို မိတ်ဆက်ရှင်းလင်းခြင်း၊ ပြိုင်ပွဲဝင်မည့် Miss များကို မိတ်ဆက်ပေးခြင်းနှင့် တိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့ဝင်များမှ တိုင်းရင်းသားရိုးရာ အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။

 

0963

 

အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ကယားပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသကွပ်ကဲရေးမှူး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။ 

 

9

 

အဆိုပါ ပွဲတော်ကို ၂၀၂၀ ခုနှစ်တွင် ရန်ကုန်မြို့ ကျိုက္ကဆံကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

လွိုင်ကော်သား