ပခုက္ကူ ၂၈ ဇူလိုင်

ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာတွင် အလယ်တန်းကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ပွဲကို ဇူလိုင် ၂၈ ရက် နံနက် (၉) နာရီက ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဟန်ဇော်ဝင်း၊ ခရိုင်ပညာရေးမှူး ဦးဆန်းလွင်၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်၊ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းဌေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြမင်းဆွေက ကျောင်းဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

 

s3

 

ထို့နောက် ကျောင်းဖွင့်ပွဲအခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြမင်းဆွေက အမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူး ဦးဆန်းလွင်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းဌေးတို့က ပညာရေးဆိုင်ရာနှင့် ပတ်သက်သည့် အချက်အလက်များ ရှင်းလင်းပြောကြားကာ ကျောင်းအကျိုးတော်ဆောင် အဖွဲ့က တက်ရောက်လာသည့် ဧည့်သည်တော်များအား ကျောင်းဖွင့်ပွဲအထိမ်းအမှတ်အလံများ ပေးအပ်သည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာကြီးနှင့် အင်ပင်ကျေးရွာ ရွာခွဲတာဝန်ခံ ဦးအောင်ဆန်းတို့က ကျေးဇူးတင် စကားပြောကြားပြီး ကျောင်းသား/ကျောင်းသူလေးများက အကပဒေသာများဖြင့် ဖျော်ဖြေကြသည်။

 

s4

 

ပခုက္ကူမြို့နယ်တွင် ၂၀၁၉ ပညာသင်နှစ်၌ အခြေခံပညာကျောင်း (၃၈)ကျောင်း အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ရခဲ့ကြောင်း သိရသည်။

ကိုတမာ