ရန်ကုန် ၂၈ ဇူလိုင် 


ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ်ရေးအတွက် အလှူတော်ငွေများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးရုံး  (ရန်ကုန်ရုံးခွဲ)၌ ကျင်းပသည်။


အခမ်းအနားတွင် အလှူရှင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရေတာရှည်ရပ်ကွက် မော့ကနင်ကျောင်းကြီး ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဝီရိယ က သြဝါဒကထာ မြွက်ကြားသည်။


ထို့နောက် ထာဝရငြိမ်းချမ်းရေး စေတီတော် တည်ထားကိုးကွယ်ရေးအတွက် မော့ကနင်ကျောင်းကြီး ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဝီရိယ က အလှူတော် ငွေကျပ် သိန်း ၃၀ဝ ကိုပေးအပ်လှူဒါန်းရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက လက်ခံပြီးဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ဆက်ကပ်ကာ ကျေးဇူးတင်ဝမ်းမြောက်စကား လျှောက်ထားသည်။


(သတင်းစဉ်)