နေပြည်တော် ၂၈ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ ဝါးတန်းကျေးရွာ၊ အခြေခံပညာအထက်တန်း ကျောင်းခွဲ၌ ဇူလိုင် ၂၈ ရက် နံနက် ၉ နာရီခွဲ က အရာတော်မြို့ နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပသည်။
ဟောပြောပွဲ၌ အရာတော်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲလွင် ဦးစီးသည့် တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က မှုခင်းကျဆင်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ သက်ငယ်မုဒိမ်းမှုမဖြစ်ပွားစေရေးအတွက် မိဘအုပ်ထိန်းသူများ သိသင့်သိထိုက်သည့် အချက်များ၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်း/လမ်း စည်းကမ်းလိုက်နာရမည့်အချက်များအား အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့ ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၃၁၃)ဦး တက်ရောက်ခဲ့ကြောင်း ရဲပြန်ကြားမှ သိရသည်။
MDN


