မန္တလေး ၂၈ ဇူလိုင်
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၁၆ လမ်းနှင့် ၆၂ လမ်းထောင့်ရှိ မတ္တရာတိုက်၊ ယက္ကန်းစင်ဣဒ္ဓိရံသီ ကျောင်းတိုက်ရှေ့တွင် ယနေ့နံနက် ၄ နာရီခွဲက ပြည်တွင်းပြည်ပ သာသနာပြု၊ ထေရဝါဒ ပရိယတ္တိသာသနဟိတ၊ မေတ္တာပြည့်ဝ နှလုံးလှဆရာတော် ဒေါက်တာဘဒ္ဒန္တ ဣဒ္ဓိဗလ (Ph.d Buddhism Uk Thiland India) (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) (နိုင်ငံတော်သမ္မတ၏ နိုင်ငံစွမ်းဆောင်ရည်ဆု၊ ဇေယျာလူမှုထူးချွန်ဆု၊ ကမ္ဘာ့ငြိမ်းချမ်းရေးစေတမန်ဆု) ဦးစီးဦးဆောင်၍ ဆရာတော်ဒေါက်တာ အရှင်ဥတ္တရစီမံကုသိုလ်ဖြင့် ဒါယကာ၊ဒါယိကာမ ၇ ရက်သားသမီး အပေါင်းတို့က သံဃာတော်အပါး(၃၀ဝ၀)ကျော်အား စာရေးတံမဲ(ဘုံဆွမ်း) လောင်းလှူခြင်း မဟာကုသိုလ် မင်္ဂလာပွဲကျင်းပခဲ့ကြောင်း သိရသည်။
မဟာကုသိုလ် မင်္ဂလာပွဲကို အနန္တော အနန္တ ငါးပါးနှင့် ခင်ပွန်းကြီးဆယ်ပါး ဦးထိပ်ထားလျက် အရပ်ရှစ်မျက် နှာမှကြွရာက်လာကြကုန်သော သံဃာတော်အပါး(၃၀ဝ၀)ကျော်တို့အား မဂ်ဖိုလ်နိဗ္ဗာန်ရည်သန် တောင်းဆုအာရုံပြု၍ စေတနာသုံးတန် ပြည့်ဝစွာဖြင့် ဆွမ်း၊ သင်္ကန်း၊ ပစ္စည်းစုံလင်စွာ လောင်းလှူခဲ့ခြင်း ဖြစ်ကြာင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)


