နေပြည်တော် ၂၈ ဇူလိုင်
မူးယစ်တပ်ဖွဲ့စု(၂)မြစ်ကြီးနားမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၇ ရက် နံနက် ၉နာရီခွဲက ဝိုင်းမော်မြို့နယ်၊ ဗလမင်းထင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ခွန်ဆန် မောင်းနှင်ပြီး ခွန်ဆိုင်း လိုက်ပါလာသည့် GRANDIS အမျိုးအစားမော်တော်ယာဉ်ကိုရပ်တန့်ရှာဖွေရာ ငွေကျပ် ၁၉၂၇၂ဒသမ၂ သိန်း တန်ဖိုးရှိ ဘိန်းဖြူ ၂ ဒသမ ၄၀၉ ကီလိုနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။
အလားတူ ယင်းနေ့ မွန်းလွဲ ၂နာရီခွဲက ထားဝယ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ရေဖြူမြို့နယ်၊ ပရဒတ်ကျေးရွာအုပ်စု၊ ဘဝါကျေးရွာနေ မြင့်ထွန်း၏ ဥယျာဉ်ခြံတဲကိုရှာဖွေရာ ငွေကျပ် ၅၆၈၁ ဒသမ ၆ သိန်းတန်ဖိုးရှိ အိုက်စ် ၁၄ ဒသမ ၂၀၄ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ အရ အရေးယူထားကြောင်း သိရသည်။
(ကိုရဲ)


