ရေကြည် ၂၈ ဇူလိုင်


ရန်ကုန်မြို့ ရွှေပြည်နန်းသနပ်ခါးကုမ္ပဏီမှ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ ရေကြည်မြို့နယ်နှင့် ပန်းတနော်မြို့နယ်အတွင်းရှိ မသန်စွမ်းကလေးငယ်များအား ဝှီးချဲလ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၂) နာရီအချိန်က ရေကြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ဖြူစင်မေတ္တာလူမှုဖွံ့ဖြိုးရေး ပရဟိတအသင်း၏ ဥက္ကဋ္ဌ ဦးသန်းထွန်းနိုင်က အလှူရှင်များကိုယ်စား ယခုလိုမသန်စွမ်းကလေးများအား ဝှီးချဲလ်လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦး မျိုးညွန့် မြတ်ပညာဒါနဖောင်ဒေးရှင်းမင်္ဂလာအောင်သိဒ္ဓိကျောင်းဆရာတော် တို့က အလှူရှင်များ ကိုယ်စား မသန်စွမ်းကလေးငယ်များအတွက် ဝှီးချဲလ် (၉) စီး မသန်စွမ်းလူကြီးများအတွက် ဝှီးချဲလ် (၂) စီး စုစုပေါင်း ဝှီးချဲလ် (၁၁) စီးနှင့် ရွှေပြည်နန်းသနပ်ခါးများကိုလှူဒါန်းခဲ့ကြောင်း သိရသည်။


ထို့နောက်မသန်စွမ်းများမှလည်း အလှူရှင်များ ယခုလိုလှူဒါန်းသည့်အတွက်လည်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်းနှင့် ဆုတောင်းမေတ္တာများ ပို့သပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါအခမ်းအနားသို့ အမှတ်(၁) တိုင်းဒေကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပရဟိတလူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း ၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


အောင်သူဟန် ( ပြန်/ဆက်)