မယ်စဲ့  ၂၉  ဇူလိုင် 


ကယားပြည်နယ် မယ်စဲ့မြို့နယ်တွင် မိုးရာသီရိက္ခာ ထောက်ပံ့ခြင်း၊ ကျန်းမာရေးဆိုင်ရာနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေ အသိပညာပေး ဟောပြောပွဲကို ကျောက်စုကျေးရွာ၊ နမ့်ပိန်းလင်ကျေးရွာ၊ မယ်ဆည်နမ်ကျေးရွာ၊ နမ့်ဟူးကျေးရွာတို့တွင် ဇူလိုင် ၂၈ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။


ဟောပြောပွဲတွင် ပြည်နယ်ဥပဒေအရာရှိ ဒေါ်လွင်လွင်သန်းက ကလေးသူငယ် ဥပဒေဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို ဟောပြောခဲ့ပြီး မယ်စဲ့မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဇော်ထွန်းက ရာသီတုပ်ကွေး (H1N1)ရောဂါများအကြောင်းကို ရှင်းလင်းဟောပြောခဲ့သည်။


ထို့နောက် ထောက်ပံ့ပေးအပ်ပွဲတွင် ကျောက်စုကျေးရွာ၊ နမ့်ပိန်းလင်ကျေးရွာ၊ မယ်ဆည်နမ်ကျေးရွာ၊ နမ့်ဟူးကျေးရွာတို့ရှိ အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်း၊ အခြေခံပညာကျောင်းများအတွက် ပုံပြင်စာအုပ်၊ ကဗျာစာအုပ်၊ ကဗျာသီချင်းခွေများကို ပေးအပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားကို ကယားပြည်နယ် အစိုးရအဖွဲ့မှကြီးမှူး၍ ကယားပြည်နယ် ရင်ခွင်မဲ့ကလေး လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာ အဖွဲ့တို့ ပူးပေါင်းပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။


ဝတ်ရည်(ပြန်/ဆက်)