ရွှေဘို   ၂၉   ဇူလိုင် 


စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် ပါရာဒီဆို တိုးချဲ့ရုပ်ရှင်ရုံခန်းမသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရွှေဘို-ကျောက်မြောင်းကားလမ်းဘေးရှိ အဆိုပါရုပ်ရှင်ရုံ၌ ကျင်းပသည်။

 

ရှေးဦးစွာ ရွှေဘိုပါရာဒီဆို တိုးချဲ့ရုပ်ရှင်ရုံခန်းမသစ်အား စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ Paradiso Co., Ltd. အမှုဆောင်ဒါရိုက်တာ ဦးဇာဂနာနှင့် ရုပ်ရှင်သရုပ်ဆောင် ဦးဇော်မှိုင်းတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။ 

 

ထို့နောက် တိုးချဲ့ရုပ်ရှင်ရုံခန်းမသစ်တွင် ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်မှ အဖွင့်အမှာစကားပြောကြား ခဲ့ပြီး Paradiso Co.,Ltd. အမှုဆောင်ဒါရိုက်တာ ဦးဇာဂနာမှ မိမိတို့အနေဖြင့် တစ်နိုင်ငံလုံးတွင် ရုပ်ရှင်ရုံ(၁၀ဝ) ဖွင့်လှစ်သွားမည်ဖြစ်ရာ ယခုရုံမှာ ၂၂ ရုံမြှောက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

 

ဆက်လက်၍ Paradiso Co., Ltd. ကိုယ်စား ဦးဇာဂနာ၊ ဦးအရိုင်းတို့မှ ကိုလူချောအဖွဲ့ကိုယ်စား ဦးဇော်မှိုင်းထံ အလှူငွေကျပ်သိန်း ၂၀ လှူဒါန်းခဲ့သည်။

 

အဆိုပါ တိုးချဲ့ရုပ်ရှင်ရုံခန်မသစ်ဖွင့်ပွဲကို ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်နှင့်အဖွဲ့၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ Paradiso Co., Ltd ၏ ဥက္ကဌ ဦးလွင်မိုးနှင့် ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင်များ၊ ရုပ်ရှင်ချစ်ပရိတ်သတ်များ တက်ရောက်ခဲ့ကြောင်းသိရသည်။

 

ထွန်းမြင့်အောင် (ရွှေဘို)