ရေကြည်      ၂၉   ဇူလိုင် 


ရန်ကုန်မြို့ ရွှေပြည်နန်းသနပ်ခါးကုမ္ပဏီ မှ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ရေကြည်မြို့နယ်နှင့် ပန်းတနော်မြို့နယ် အတွင်းရှိ မသန်စွမ်းကလေးငယ်များအား ဝှီးချဲလ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ရေကြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ဖြူစင်မေတ္တာလူမှုဖွံ့ဖြိုးရေး ပရဟိတအသင်းဥက္ကဌ ဦးသန်းထွန်းနိုင်က အလှူရှင်များကိုယ်စား မသန်စွမ်း ကလေးများအား ဝှီးချဲလ်လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ 


ဆက်လက်၍ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွှန့်၊ မြတ်ပညာဒါန ဖောင်ဒေးရှင်း မင်္ဂလာအောင်သိဒ္ဓိကျောင်းဆရာတော် တို့ကအလှူရှင်များကိုယ်စား မသန်စွမ်းကလေးငယ်များအတွက် ဝှီးချဲလ် (၉) စီး မသန်စွမ်း လူကြီးများအတွက် ဝှီးချဲလ် (၂) စီး စုစုပေါင်း ဝှီးချဲလ် (၁၁) စီးနှင့်ရွှေပြည်နန်း သနပ်ခါးများ ကိုလှူဒါန်းခဲ့ကြောင်းသိရသည်။


ထို့နောက် မသန်စွမ်းများမှလည်း အလှူရှင်များ ယခုလို လှူဒါန်းသည့်အတွက်လည်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်းနှင့် ဆုတောင်းမေတ္တာများ ပို့သပေးလျှက်ရှိကြောင်း သိရသည်။


အဆိုပါ အခမ်းအနားသို့ အမှတ်(၁) တိုင်းဒေကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွှန့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပရဟိတလူမှုရေး အသင်းအဖွဲ့များ စုစုပေါင်း (၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


အောင်သူဟန် ( ပြန်/ဆက်)