၂၉ ဇူလိုင်
ပြင်သစ်နိုင်ငံ တောင်ပိုင်းတွင် ယမန်နေ့ညနေက ပစ်ခတ်မှုဖြစ်ပွားသဖြင့် သုံးဦးထက် မနည်းသေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာများက သတင်းထုတ်ပြန်ခဲ့သည်။
ဗား ပိုင်နက် အိုလီယူလပ်စ် နယ်မြေရှိ ဓါတ်ဆီဆိုင်အနီးတွင် ထိုပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ သေဆုံးသူသုံးဦးမှာ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားနှစ်ဦးတို့ဖြစ်ကြောင်း မျက်မြင်သက်သေ ပြောကြားချက်အရ သိရသည်။
ဒဏ်ရာရသူတစ်ဦးကို ဒေသန္တရဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
ရဲတပ်ဖွဲ့က ၎င်းပစ်ခတ်မှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု စတင်လုပ်ဆောင်နေကြောင်းနှင့် ထိုပစ်ခတ်မှုသည် လက်တုံ့ပြန် ပစ်ခတ်မှုဖြစ်ဖွယ်ရှိကြောင်း ဒေသန္တရမီဒီယာက သံသယရှိသည်ဟု ဖော်ပြထားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို