ခန္တီး ၂၉ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့၌ အပြည်ပြည်ဆိုင်ရာ ကျားထိန်းသိမ်းရေးနေ့နှင့်ဆုပေးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ခန္တီးမြို့ အထကကျောင်း ကျန်စစ်သားခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးလှမျိုးက အဖွင့်အမှာစကား ပြောကြားပြီး ထမံသီဘေးမဲ့တောအုပ်ချူပ်ရေးမှူး ဦးဝင်းလှိုင်က အပြည်ပြည်ဆိုင်ရာ ကျားထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အမှတ်တရစကား ပြောကြားသည်။
ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ ကျားထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား ကျောင်းသူများအား ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးလှမျိုး ကလည်းကောင်း၊ အလယ်တန်းအဆင့် ဆုရရှိသူ ကျောင်းသားကျောင်းသူများအား ထမံသီဘေးမဲ့တော အုပ်ချူပ်ရေးမှူး ဦးဝင်းလှိုင်ကလည်းကောင်း ဆုများအသီးသီး ချီးမြှင့် ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌဦးလှမျိုးနှင့်ခရိုင်အဆင့်ဌာနဆိုင်ရာများ /မြို့နယ်အုပ်ချူပ်ရေးမှူး ဦးခင်မောင်ဆင့်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ /ထမံသီးဘေးမဲ့တော အုပ်ချူပ်ရေးမှူး ဦးဝင်းလှိုင်နှင့်ဝန်ထမ်းများ /လူမှုရေးအသင်းအဖွဲ့ဝင်များ /ပညာရေးဝန်ထမ်းများ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ချန်လော (ခန္တီး)


