မော်လမြိုင် ၂၉ ဇူလိုင်
မော်လမြိုင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက်တို့ ပူးပေါင်း၍ သုတ/ရသ စာအုပ်စာစောင်များကို နေ့စဉ်သွားရောက်လိုက်လံ ငှားရမ်းပေးလျက်ရှိရာ ယနေ့တွင် အ.ထ.က(၃)နှင့် အ.ထ.က(ခွဲ) အ.လ.က(၈)ကျောင်းသို့ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက်သည် မော်လမြိုင်မြို့ အခြေခံပညာကျောင်းများ၊ သင်တန်းကျောင်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများနှင့် တက္ကသိုလ်/ ကောလိပ်အပြင် ပေါင်မြို့နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းဆုံမြို့နယ်နှင့် မုဒုံမြို့နယ်များရှိ အခြေခံပညာ ကျောင်းများတို့ကိုလည်း သုတ/ ရသ စာအုပ်စာစောင်များ သွားရောက် ဌားရမ်းပေးလျက်ရှိပြီး အဆိုပါ ရွေ့လျားစာကြည့်တိုက်မှ သုတ/ ရသ စာအုပ်စာစောင်များကို ရက်သတ္တပတ် နှစ်ပတ်ကြာငှားရမ်းပေးပြီးမှ သွားရောက်သိမ်းဆည်းကာ စာအုပ်စာစောင် အသစ်များကို ပြန်လည်ငှားရမ်းပေးခဲ့ကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။
MDN


