နေပြည်တော် ၂၉ ဇူလိုင်
ဒုတိယအကြိမ်အမျိုးသားလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့သို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သန်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ မိတ်ဆွေ၊ မြဝတီခရိုင်၊ မြဝတီမြို့မှ ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းမှ အတွင်းရေးမှူးမန်းစိန်ဝင်းဦးဆောင်သောအဖွဲ့ နှင့် ဟန်းဆိုင် ဒယ်ဖောင်ဒေးရှင်းမှ ဦးဆောင်ကျင်းပလျက်ရှိသော မြန်မာ့ဖက်ဒရယ်ရေးရာ ခေါင်းဆောင်မှုသင်တန်း (Myanmar Federalism Leadership Programme) မှ သင်တန်းသားများနှင့် ဆရာ/ဆရာမများစုစုပေါင်း ၁၁၁ ဦး လာရောက်လေ့လာခဲ့ကြသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေး စတင်ကျင်းပသည့်ရက်မှ ယနေ့အထိ အမျိုးသားလွှတ်တော်သို့ လာရောက်လေ့လာသည့် ဧည့်သည် စုစုပေါင်းမှာ ပြည်တွင်းဧည့်သည် (၁၉၅၄၉) ဦးနှင့် ပြည်ပဧည့်သည် (၂၁၅၇) ဦးရှိကြောင်း သတင်းရ ရှိသည်။
(သတင်းစဉ်)


