မြဝတီ ၂၉ ဇူလိုင် 

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှ မြန်မာရွှေ့ပြောင်းသားသမီးများ၏ ကျောင်းသား၊ကျောင်းသူများ မြဝတီမြို့ အထက (၂)သို့ ကျောင်းလာတက်သည့်အခါ မြဝတီမြို့ အမှတ် ၁ ရပ်ကွက်၊ သောင်ရင်းမြစ်၊ မိုးကုတ်ဂိတ်စက်လှေဂိတ်မှ စက်လှေ များဖြင့် လာရောက်ကျောင်းတက်လျက်ရှိသဖြင့် ယမန်နေ့ ဇူလိုင် ၂၈ ရက်နေ့တွင် ကျောင်းသား၊ကျောင်းသူများအား အထက ၂ ကျောင်းအုပ်ဆရာကြီးက အသက်ကယ် အင်္ကျ ီများဝတ်ဆင်ပေးခဲ့ကြောင်း သိရသည်။

 

mdn


 
မြဝတီမြို့ အထက(၂)သို့ ထိုင်းဘက်ကမ်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏သားသမီးများကျောင်းလာတက်နေကြသည်မှာ စုစုပေါင်း ၁၂ဝ ဦးခန့်ရှိကြောင်းသိရပြီး ကျောင်းသားမျာ းကျောင်းသို့နေ့စဉ်အသွားအပြန် အသက် ကယ်အင်္ကျီများ ဝတ်ဆင်ပြီး စက်လှေစီးနိုင်ရေး အတွက်ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ကမ်းကူးခအနေနှင့်လူတစ်ဦးလျှင်စက်လှေခ ၅ဝဝ ကျပ်ကောက်ခံသော်လည်း ကျောင်းသားများကို လုံးဝလှေခ မယူဘဲ အခမဲ့ ပို့ဆောင်ပေးနေကြောင်း သိရသည်။

"အခုသောင်ရင်းမြစ်က မိုးရွာတော့ရေတိုးလာပြီ၊ ဒါကြောင့်ထိုင်းဘက်ကမ်းက စက်လှေနဲ့ကျောင်းလာတက်တဲ့ကလေးတွေ အန္တရာယ်ကင်းဝေးစေရေး အတွက်အသက် ကယ်အင်္ကျီတွေ ကိုလာရောက်ဝတ်ဆင်ပေးတာဖြစ်ပါတယ်၊ ဒါကို လည်း မိုး ကုတ်ဂိတ်မှာ ဂိတ်လုံခြုံရေးတာဝန် ယူထားတဲ့ပြည်သူ့စစ်ခေါင်းဆောင်ကိုမျိုးဝင်းတို့အဖွဲ့က ကူညီဆောင်ရွက်ပေး ကြပါတယ်"ဟု အထက ၂ ကျောင်းအုပ်ဆရာကြီး ဦးမိုးကျော်က ပြောသည်။ 

ထိန်လင်းအောင်(ပြန်/ဆက်)