ရန်ကုန် ၂၉ ဇူလိုင်
ယခုနှစ် ရန်ကုန်တက္ကသိုလ် ဝင်ခွင့်အတွက် ပထမ ဦးစာပေးလူတွေ့ဖြေဆို သူ (၉၀ဝ) ဦး ကျော်ရှိပြီး ဒုတိယနှင့် တတိယ ဦးစားပေးလျှောက်ထားသူများ၏ လူတွေ့စစ်ဆေးမှုများကို သက်မှတ်ရက်များတွင်ထပ်မံကြေငြာပေးသွားမည်ဖြစ်ရာ ကိုယ်တိုင်လာရောက်လေ့လာစေလိုကြောင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားရေးရာနှင့် ကျောင်းဆောင်များဌာနမှ သိရသည်။
"ကျောင်းသားတွေက မိမိဖြေဆိုရမဲ့နေရာဌာနကို ကွဲကွဲပြားပြား မသိကြဘူး၊ ဝင်ခွင့်လာတင်တဲ့အချိန်ထဲကလာတင်တဲ့သူတွေကို ဘယ်နေရာမှာ လူတွေ့ဖြေရမယ် စစ်ဆေးမယ်ဆိုတာ လိုက်ပြထားပြီးသားပါ၊ ပြသနာက ဝင်ခွင့်လာတင်တဲ့ ကာယကံရှင်ကျောင်းသားက ကိုယ်တိုင်မဟုတ်ဘဲ နီးစပ်တဲ့သူက လာတင်တယ်၊ လာဖြေကြတော့ အနယ်နယ်က ကျောင်းသားတွေက လူတစ်ယောက်ကားတစ်စီးနှုန်းနဲ့လာကြတယ်၊ ဒီရောက်တော့ ဘယ်သွားဘယ်လာရမှန်း မသိကျောင်းဝင်းထဲမှာကားတွေတန်းစီးပိတ်ပြီး ကမောက်ကမဖြစ်ကြတယ်၊ကျောင်းသားတွေအနေနဲ့က ရန်ကုန်တက္ကသိုလ်ကြီးကို တက်တော့မယ်ဆိုရင် ကိုယ်ဖြေမယ့် အချိန်ရယ်နေရာရယ်ကို သိထားဖို့တော့လိုပါတယ်၊ ကိုကိုယ်တိုင် လာမတင်ဘဲဖြေခါနီးမှ အိမ်ကထလာတဲ့ တစ်ဆင့်သမားတွေကို လိုက်ပြီရှင်းပြဖို့က အားလုံး ကိုအစဉ်မပြေနိုင်ပါဘူး၊ ဒါကြောင့်ဝင်ခွင့်အတွက် ဒုတိယနဲ့ တတိယဦးစားပေး စစ်ဆေးမဲ့ရက်တွေ ကျွန်တော်တို့ဆီမှာရှိအုံးမှာပါ၊ ဒါကို ကြေငြာပေးပါမယ်။ကိုယ်တိုင်အမည်စာရင်းမှာ ပါရင်ကျောင်းသားတစ်ယောက်အနေနဲ့ ကိုယ်တက်မယ့် တက္ကသိုလ်တစ်ခုကို ကြိုတင်ပြီးတော့လာပြီးလေ့လာစေချင်တယ်၊ ကြန့်ကြာမှုတွေမရှိဘဲ ကြိုတင်ပြင်ဆင်နိုင်မှာဖြစ်ပါတယ်" ဟု ရန်ကုန်တက္ကသိုလ် ကျောင်းသားရေးရာနှင့် ကျောင်းဆောင်များဌာနမှ ဒုတိယမော်ကွန်းထိန်းဦးစိုးအောင်က ပြောသည်။
ယခုနှစ်ရန်ကုန်တက္ကသိုလ် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်အတွက် ဝင်ခွင့်လျောက်လွှာများ ကို ယခုနှစ် ဇွန်လ (၂၄) ရက်မှ ဇူလှိုင် (၂၃) ရက်နေ့ အထိ တစ်လကြာလက်ခံခဲ့ရာ လျောက်ထားသူပေါင်း (၉၁၉)ဦးရှိကြောင်း သိရသည်။ ထိုလျှောက်ထားသူများကို အသုတ်များခွဲကာ ပထမဦးစားပေး(၉၀ဝ)ဦး ကျော် လူတွေ့စစ်ဆေးမှုကို ဇူလှိုင်(၂၇/၂၈) ရက်များတွင် ထိုတက္ကသိုလ်ဝင်းအတွင်းရှိ သက်ဆိုင်ရာမေဂျာ ဌာနများ တွင် စစ်ဆေးခဲ့ကြောင်း သိရသည်။တက္ကသိုလ်ဝင်ခွင့် တိုက်ရိုက်လျှောက်ထားသောကျောင်း (၁၄)ကျောင်းတွင် ရန်ကုန်တက္ကသိုလ်ကြီးသည်လည်း တစ်ကျောင်းအပါအဝင်ဖြစ်သည်။ လက်ရှိတွင် ရန်ကုန်တက္ကသိုလ်ကြီးတွင် ဘာသာရပ်ဆိုင်ရာဌာန ပေါင်း ၂၀ ရှိပြီး မေဂျာပေါင်း ၂၆ ခုရှိကြောင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားရေးရာနှင့်ကျောင်းဆောင်များဌာနမှ သိရသည်။
ရန်ကုန်တက္ကသိုလ် ဝင်ခွင့်နှင့် လူတွေ့စစ်ဆေးမှုများအတွက် လာရောက်ရမည့် ဖြေဆိုရမည့်သူများ၏ အချိန်/စီနီယာနံပါတ်/ ဖြေဆိုရမည့်ဌာန အခန်းများကို ရန်ကုန်တက္ကသိုလ်ကြီး ကြော်ငြာသင်ပုန်း/ ဝက်စ်ဆိုဒ်ဖြစ်သော www.uy.edu.mm နှင့်ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်နှင့်ကြော်ငြာသင်ပုန်းများတွင် ကြေ ငြာပေးလျက်ရှိသည်၊ ဝင်ခွင့်အတွက် ဒုတိယဦးစားပေး/တတိယဦးစားပေး လျှောက်ထားသူများ၏ လျှောက်လွှာ များကို သက်မှတ်ရက်များတွင် ထပ်မံကြေငြာသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုမှတစ်ဆင့် စုစုပေါင်း ရန်ကုန်တက္ကသိုလ်၏ ဝင်ခွင့်ရစာရင်းကိုထပ်မံကြေငြာသွားမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တက္ကသိုလ် အပါအဝင် နိုင်ငံနှင့်တစ်ဝှမ်း တက္ကသိုလ်ကျောင်းများသည် ဒီဇင်ဘာလ ဆန်း ပိုင်းတွင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားရေးရာနှင့် ကျောင်းဆောင်များဌာနမှ သိရသည်။
သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)
ဓါတ်ပုံ-မျိုးကြီး