မိုင်းယောင်း ၂၉ ဇူလိုင်
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ဝေးလံခေါင်သီပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ဝမ်အင်ချောင်းများကျေးရွာ တောင်ပေါ်တိုင်းရင်းသားများကို ဇူလိုင် ၂၉ ရက်က ရှေ့တန်းအမှတ်(၅၇၃) ခြေမြန်တပ်ရင်း နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံတိုင်းရင်းသားပြည်သူ ၅၇ ဦးအား သွေးတိုးရောဂါ၊ နှလုံးအားနည်းရောဂါ၊ ဖျားနာရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။
ထို့ပြင် ဆေးကုသရေးအဖွဲ့က မိုးရာသီတွင် ဖြစ်ပွားတတ်သောရောဂါများအကြောင်း အသိပညာပေးဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ရပ်မိရပ်ဖများအား ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ အိုင်အိုးဒင်းဆားများ စသည့် အာဟာရဖြစ်အစားအစာပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း