ရန်ကုန် ၃၀ ဇူလိုင်

ရန်ကုန်မြို့ အလုံမြို့နယ်ဘက်ခြမ်း ဂဠုန်ရပ်ကွက် ကွင်းချောင်းမြောင်းဘေးရှိ မြေထိန်းနံရံ ပေ ၈၀ ခန့်မှာ ဇူလိုင် ၂၉ ရက်နေ့ နံနက်ပိုင်းက ရုတ်တရက်ပြိုကျမှု ဖြစ်ခဲ့သည်။

မြေထိန်းနံရံပြိုကျရာသို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ ကူညီစီစဉ်မှုများ ပြုလုပ်ပေးခဲ့သည်။

မြောင်းကြီးမှာနှစ်ရှည်ကြာမြင့်ပြီး မြေထိန်းအတွင်းအုတ်သားများဆွေးနေခြင်း၊ အတွင်းမြေသားများကို ကြွက်များဖောက်နေခြင်းနှင့် ယမန်နေ့က ရွာသွန်းခဲ့သောမိုးကြောင့် ပြိုကျမှုဖြစ်နိုင်ကြောင်း သိရသည်။

မြေထိန်းနံရံပြိုကျမှုကြောင့် မြောင်းဘေးရှိသစ်သား၊ သွပ်ကာအဖီတစ်ခုပြိုကျမှု ဖြစ်ခဲ့ပြီး လူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

တင်မောင်ဦး (အလုံ)