ကြံခင်း ၃၀ ဇူလိုင်      

            
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်တွင် ကျွဲနွားကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ခြင်းနှင့် တစ်ပိုင်တစ်နိုင် မြက်စိုက်ခင်းများ ထူထောင်ခြင်း သင်တန်းကို မွေးမြူရေးနှင့်ကုသရေးဉီးစီးဌာန ရုံးခန်းမတွင် ယမန်နေ့က ပြုလုပ်ခဲ့သည်။


အဆိုပါသင်တန်းတွင် ကျွဲနွားကူးစက်ရောဂါများ မဖြစ်ခင် ကြိုတင်ကာကွယ်ရေးအတွက်လုပ်ငန်းများ ၊ ရောဂါဖြစ်ပွားပါက ကူးစက်ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများကို သင်တန်းမှတစ်ဆင့် ပြည်သူ လူထုအကြား မွေးမြူရေးအသိပညာများ ပြန့်ပွားစေရေး ရည်ရွယ်၍လည်းကောင်း တစ်နိုင်တစ်ပိုင် မြက်စိုက်ခင်းပါသည့်အတွက် နေဗီယာ၊ မွန်ဘားစား မြက်အမျိုးအစားများအား ပြည်သူလူထုအကြား စီးပွားရေးလုပ်ငန်းအတွက်လည်းကောင်း၊ မွေးမြူရေးလုပ်ငန်းများအတွက်လည်းကောင်း စိုက်ပျိုးနိုင်ဖို့အတွက် အသိပညာပေးသင်တန်းကို ကြံခင်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဉီးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဉီးဝင်းကိုက သင်ကြားပို့ချခဲ့ကြောင်းသိရပြီး ငှင်းသင်တန်းသို့ ကျေးရွာများမှ မွေးမြူရေးလုပ်ငန်းစိတ်ဝင်စားသူများ၊ တိရစ္ဆာန် ကျန်းမာရေးလုပ်သားများ စုစုပေါင်း (၃၅) ဉီး တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

                                
ပို့ပို့ ( ပြန်/ဆက်)