၃၀ ဇူလိုင်
ယီမင်နိုင်ငံ မြောက်ပိုင်း ဈေးတစ်ခုပေါ် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားသဖြင့် အရပ်သား ၁၀ ဦး အထက် သေဆုံးမှုရှိခဲ့သည်ဟု သိရသည်။
ဆာဒါပြည်နယ် မြောက်ပိုင်းရှိ ဒေသန္တရဈေးတစ်ခုတွင် လေကြောင်း တိုက်ခိုက်ခဲ့သဖြင့် ၁၄ ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အီရန်ထောက်ခံသည့် ဟူသီယီမင်သူပုန် အုပ်စုပိုင် သတင်းမီဒီယာက ဖော်ပြထားသည်။
အဆိုပါဟူသီတို့က ယင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ဆော်ဒီ အာရေဗျ ကို အပြစ်တင်ခဲ့သည်။
ထိုနိုင်ငံအစိုး၏ထောက်ခံမှုဖြင့် ယီမင် ၏ လေးနှစ်ကြာ ဖြစ်ပွားခဲ့သော စစ်ပွဲတွင် ဆော်ဒီ စွက်ဖက်နေကြောင်း ဖော်ပြထားသည်။
သို့ရာတွင် ယီမင်အစိုးရက ဟူသီသူပုန်များကို ပြစ်တင်ပြောဆိုနေသည်ဟု သိရသည်။
ယီမင်တွင် ဆော်ဒီ ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့က လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေသော်လည်း ဆော်ဒီအာရေဗျတွင် ဟူသီတို့က နယ်စပ်ဖြတ်ကျော် ဒရုန်းယာဉ်ဖြင့် ပစ်မှတ်ထား တိုက်ခိုက်မှုများ ပြင်းထန်စွာ ဆောင်ရွက်နေသည်။
ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန်- မြင့်မြင့်ချို