ဟော်မုဒ်ရေလက်ကြားတွင် ရေကြောင်းလုံခြုံရေး သေချာစစ်ဆေးရန်အတွက် ညွန့်ပေါင်းအဖွဲ့အစည်းတစ်ခု ဖွဲ့စည်းရန် အချိန်ပိုမိုကြာမြင့်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စုက အဆိုပြုထားသည့် လုံခြုံရေးအစီအစဉ်များကို ပွန်ပီယိုက ရည်ညွှန်းခြင်းဖြစ်ပြီး တနင်္လာနေ့က ဝါရှင်တန်မှာ ပြုလုပ်သည့် သီးသန့်ဆွေးနွေးပွဲတစ်ခုအတွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ အစီအစဉ်၏ အရေးပါမှုကို နားလည်ယုံကြည်စိတ်ချပါကြောင်း အမေရိကန်ပြည်ထောင်စုက ဆန္ဒရှိသော်လည်း သတ်မှတ်ချိန်ထက် ပိုမိုကြာမြင့်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စုအနေဖြင့် အောင်မြင်မည်ဟု ယုံကြည်ကြောင်း ရေလက်ကြားမှတစ်ဆင့် အန္တရာယ်ကင်းစွာ စီးပွားရေးကူးသန်းရောင်းဝယ်ရန်အတွက် နိုင်ငံတကာ၏ အကူအညီများ လိုအပ်သည် ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်အစိုးရနှင့် တပ်မတော်က မဟာမိတ်များနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များကို အစီအစဉ်နှင့်ပတ်သက်၍ ရင်းနှီးစွာ ရှင်းလင်းခဲ့ကြသည်။
သို့သော်လည်း အဆိုပြုထားသော ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းရေးက အီရန်နိုင်ငံအပေါ် ရန်စသလိုဖြစ်မည်ကို စိုးရိမ် ပူပန်လျက်ရှိသည်။
ဟော်မုဒ်ရေလက်ကြားအတွင်း ရေကြောင်းဘေးအန္တရယ် ကင်းရှင်းရေးကို သေချာစေရန်အတွက် ပဏာမ အနေဖြင့် ဗြိတိန်နိုင်ငံက ဥရောပနိုင်ငံကို သီးခြား ဦးဆောင်ပြီး အဆိုပြုလိုက်သည်။
အမေရိကန်နိုင်ငံက အဆိုပြုထားသည့် ညွန့်ပေါင်းအစိုးရအဖွဲ့တွင် ပူးပေါင်းပါဝင်ရန် နိုင်ငံများက ဂျပန်နိုင်ငံကို အကြောင်းကြားခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်