၃၀ ဇူလိုင်

ဂျပန်နိုင်ငံ နေရာဒေသ အများစုတွင် မိုးရာသီ ကုန်ဆုံးပြီးနောက် ပြီးခဲ့သည့် သီတင်းပတ်က အပူချိန်သိသိသာသာ တိုးမြင့်လာသည့်အတွက်  အပူနှင့်ပတ်သက်ပြီး ဆေးကုသမှုဆိုင်ရာ ထုတ်ပြန်ချက်များကြောင့် ဂျပန်နိုင်ငံရှိ ဆေးရုံများတွင် ၅၆၆၄ ဦး ကုသမှုခံယူနေပြီး ၁၁ ဦးသေဆုံးခဲ့ကြောင်း အစိုးက ယနေ့ကြေညာခဲ့သည်။

အပူချိန် မြင့်တက်မှုကြောင့် ရှေ့သီတင်းပတ်က လူနာ ၁၉၄၈ ဦး ရှိရာမှ သုံးဆနီးပါး ရှိလာသော လူနာများကိုဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းနှင့်  ပြီးခဲ့သည့် သီတင်းပတ်မှ တနင်္ဂနွေနေ့အထိ စုစုပေါင်းလူနာဦးရေ၏ ၅၂ ဒသမ ၆ ရာခိုင်နှုန်းမှာ အသက် ၆၅ နှစ် နှင့် အထက်ရှိ အသက်အရွယ်ကြီးရင့်သူများ ဖြစ်ကြောင်း မီးဘေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အေဂျင်စီက ထုတ်ပြန်ထားသည်။

ထိုလူနာ ၅၆၆၄ ဦးအနက် ၁၇၉၂ ဦးမှာ ရောဂါပြင်းထန်မှု နည်းပါးသဖြင့် ဆေးကုသမှုခံယူရန် ရက်အနည်းငယ် လိုအပ်သော်လည်း ၁၁၉ ဦးမှာ ပြင်းထန်သောရောဂါလက္ခဏာများ ပြသနေသဖြင့် အတွင်းလူနာအဖြစ် ပုံမှန်အားဖြင့်  ရက်သတ္တပတ် သုံးပတ်ထက်မနည်း ဆေးကုသမှုခံယူရန် လိုအပ်သည်ဟု  ဖော်ပြထားသည်။

ဂျပန်နိုင်ငံရှိ စီရင်စု ၄၇ ခုအနက် ၁၁ နေရာဒေသတွင် ၁၁ ဦး သေဆုံးခဲ့သည်။ အိုဆာကာ စီရင်စု မှ ၃၈၈ ဦး နှင့် တိုကျိုမြို့မှ ၂၉၉ ဦး တို့ကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး အီချီ စီရင်စု မှ ၃၉၂ ဦးကို ဆေးရုံသို့ အပူတပြင်းပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

ဂျပန်နိုင်ငံတွင် လာမည့်သီတင်းပတ်အတွင်း အပူချိန် ပျမ်းမျှအထက် ဆက်လက်တည်ရှိနေဖွယ်ဖြစ်သောကြောင့်  ပြည်သူများ အနေဖြင့် ရေဓာတ်ပြည့်ဝစေရန် ရေများများသောက်ပြီး နေထိုင်ကြရန် နှင့် ရံဖန်ရံခါ အနားယူနေထိုင်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ကိုးကား- ကျိုဒိုနယူး
ဘာသာပြန်- မြင့်မြင့်ချို

 

mdn