နေပြည်တော် ၃၀ ဇူလိုင်
အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်သည် တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ရှန်းယန်မြို့တော်ဝန် Mr. QieYingcai နှင့်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် အမျိုးသားလွှတ်တော် (J) ဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-တရုတ်နှစ်နိုင်ငံ အကျိုးနှင့် ချစ်ကြည်ရင်းနှီးမှုပိုမို မြှင့်တင်ရေး၊ နှစ်နိုင်ငံလွှတ်တော်ချင်း ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော် မြန်မာ-တရုတ် လွှတ်တော်ချင်းချစ်ကြည်ရင်းနှီးရေး အသင်းဥက္ကဋ္ဌ ဒေါက်တာမြသောင်း၊ အတွင်းရေးမှူး နော်လှလှစိုးနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်


