ရန်ကုန် ၃၀ ဇူလိုင်
ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ်ရေးအတွက် အလှူတော်ငွေများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ (၁)နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးရုံး(ရန်ကုန်ရုံးခွဲ) ဧည့်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ထာဝရငြိမ်းချမ်းရေးစတီတော် တည်ထားကိုးကွယ်ရေးအတွက် ဖခင် ဦးကောင်ကျင်ပို-မိခင်ဒေါ်ညောင်းတို့အား ရည်စူး၍ သား၊ သမီးများဖြစ်ကြသော ဒေါ်ရွှေကျင်၊ ဒေါ်ရှုကျင်(ခ)ဒေါ်အကီး၊ ဒေါ်စုကျင်၊ ဦးဖုန်းကျင်၊ ဦးထွန်းကျင်၊ ဦးဝင်းကျင်(ခ)ဦးဝင်းအောင်နှင့် သား၊ သမီး၊ မြေး၊ မြစ်မိသားစုတို့က အလှူငွေကျပ် သိန်း(၁၂၀)ကို ပေးအပ်လှူဒါန်းကြရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားသည်။
သတင်းစဉ်


