နေပြည်တော် ၃၀ ဇူလိုင် 

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ထိုင်းနိုင်ငံ ဗဟိုဘဏ်ဥက္ကဋ္ဌ  Mr. VeerathaiSantiprabhob နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၁၂နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုများနှင့် ရွှေ့ပြောင်းလုပ်သားများ ငွေလွှဲပို့ခြင်းများတွင် ပိုမိုအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

(သတင်းစဉ် )