နေပြည်တော် ၃၀ ဇူလိုင်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်သည် Human Rights Watch အဖွဲ့အစည်းမှ Asia Division Deputy Director, Mr. Phil Robertson နှင့် အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဝန်ကြီးဌာနမှ ဆောင်ရွက်နေမှုအခြေအနေ၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အမျိုးသမီးများ လူကုန်ကူးခံရခြင်းမှ ကာကွယ်နိုင်ရန်နှင့် လူကုန်ကူးခံရပါက ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ ကချင်ပြည်နယ်ရှိဒေသခံ အဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု၊ ကချင်ပြည်နယ်ရှိ IDP စခန်းများမှ နေရပ်စွန့်ခွာရသူများအား ပြန်လည်နေရာချ ထားနိုင်ရေးအတွက် လုပ်ငန်းအဖွဲ့ ဖွဲ့စည်း၍ ဒုတိယဝန်ကြီးက ဦးဆောင်၍ သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များအပြင် ကချင်ဒေသ စစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေးကော်မတီ (KHCC) ဖြင့် ပူးပေါင်းဆောင်ရွက်နေမှု၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးအတွက် ဥပဒေရေးဆွဲနေမှုနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


