ခန္တီး ၃၀ ဇူလိုင်

စစ်ကိုင်းတိုင်းဒေသကြီး နာဂ ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ လဟယ်မြို့နယ် အံ့ပေါ်ကျေးရွာနေ ဦးချိုနှင့် ဒေါ်ခမျိုးတို့၏ သုံးမြွှာပူးကလေးများအား မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် ခန္တီးမြို့ ပြည်သူ့ဆေးရုံတို့က အဝတ်အထည်နှင့် ထောက်ပံ့ငွေများပေးအပ်ပြီး ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

9348

 

အဆိုပါ သုံးမြွှာပူးကလေးများကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ ပြည်သူ့ဆေးရုံတွင် မွေးဖွားရန် ရောက်ရှိခဲ့သော်လည်း ဆေးဝါးများ၊ ဆရာဝန်များ အခက်ခဲရှိနေသောကြောင့် ခန္တီးမြို့ ပြည်သူ့ဆေးရုံသို့ အချိန်မီ လာရောက်မွေးဖွားခြင်းဖြစ်ကြောင်း သိရသည်။

 

9836

 

အဆိုပါ သုံးမြွှာပူးကလေးများမှာ မိန်းကလေးတစ်ဦးနှင့် ယောကျာ်းလေးနှစ်ဦးဖြစ်ပြီး  ခန္တီးမြို့ ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

ချန်လော (ခန္တီး)