နေပြည်တော် ၃၀ ဇူလိုင် 

ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းသိန်းဇော်သည် ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းမှ ဦးမျိုးအောင်ထွေးနှင့် အဖွဲ့အား ယနေ့ညနေ ၃ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းမှ မြို့ပြနှင့် ဒေသဖွံ့ဖြိုးရေးစီမံကိန်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်၊ ဖြည့်စွက်၊ အသစ်ပြဋ္ဌာန်းလိုသော အချက်များနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေရေးရာ ကိစ္စရပ်များအား တင်ပြဆွေးနွေးပြီး ကော်မတီအဖွဲ့ဝင်များက ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်