နေပြည်တော် ၃၀ ဇူလိုင်
အမျိုးသားလွှတ်တော် မြန်မာ-တရုတ်လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာမြသောင်းနှင့် အဖွဲ့သည် တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ရှန်းယန်မြို့တော်ဝန် Mr.Qie Yingcai နှင့် အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် (J) ဆောင်၊ Talk Room ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


